MV အဟောင်းလေးကိုပြန်ကြည့်ကြရအောင်ပါ။ ကြာဖြူနဲ့မင်းကြီးပါဝင်သရုပ်ဆောင်ထားတဲ့ MV လေးပါ တစ်ချိန်ကအရမ်းနာမည်ကြီးကြပါတယ်။ အားလုံးပြန်နားဆင်လိုက်ရအောင်... Song:Màu Nước Mắt Vocalist: Nguyễn Trần Trung Quân Translated and Encoded:Mythical OST
𝒴𝑜𝓊 𝑀𝒶𝓀𝑒 𝑀𝑒 𝒟𝒶𝓃𝒸𝑒 ဇာတ်လမ်းအညွှန်းလေးကတော့.. Song Shi On (Chu Young Woo) ကတော့ ၂၂ နှစ်အရွယ် contemporary dance ကိုသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ Song Shi On ရဲ့မိဘတွေကတော့ သူ့ရဲ့ဘဝရွေးချယ်မှုနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို သဘောအတူခဲ့ပါဘူး။ မေဂျာရွေးချယ်ပြီးတဲ့နောက်မှာတော့ Song Shi On ကို အိမ်ကနေ နှင်ချလိုက်ပါတယ်။ Song Shi On ကတော့ ဘာတွေပဲဖြစ်လာဖြစ်လာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ေနစရာ အခက်အခဲတွေကြောင့် Jin Hong Seok (Won Hyung Hoon) ဆိုတဲ့သူနဲ့ တိုက်ခန်းအတူတူငှားနေရဖို့ အကြောင်းဖန်လာပါတယ်။ Jin Hong Seok ဆိုတဲ့သူကတော့ Chachacha Capital ငွေတိုးချေးလုပ်ငန်းမှာလုပ်တဲ့ အသက် ၂၈ နှစ်အရွယ် ငွေတိုးချေးသူတစ်ယောက်ဖြစ်ပါတယ်။ Jin Hong Seok က CEO Cha (Lee Soo Ryeon) အတွက် ငွေတိုးလိုက်စုပေးရတာပါ။ CEO Cha ကလည်း Jin Hong Seok အပေါ် တိတ်တခိုးစိတ်ဝင်စားနေပါတယ်။ Jin Hong Seok အကျိုးအမြတ်ရဖို့အတွက် သူ့အိပ်မက်တွေကို စွန့်လွှတ်ထားရတဲ့သူတစ်ယောက်ပါ။ Song Shi On နဲ့အနေနီးလာတော့ သူ့ဘဝအပေါ်မြင်တဲ့ ရှုထောင့်တွေ ပြောင်းလဲလာပါတော့တယ်။ အနေနီးမှုကနေ တဖြည်းဖြည်း ...
Comments
Post a Comment